Wednesday, April 3, 2013

သိသမျှ၊ သင်ရသမျှ အင်္ဂလိပ်စာဗဟုသုတများ . . .

သိသမျှ၊ သင်ရသမျှ  အင်္ဂလိပ်စာဗဟုသုတများ . . .


မူရင်းအင်္ဂလိပ်စကားပြော(Native speaker) ဆရာ၊ ဆရာမများနှင့် ကျွန်တော် သင်ရသလောက် အင်္ဂလိပ်စာဗဟုသုတများကို သိလာသမျှ ပြန်လည်ငှဝေလိုပါသည်။

ကျွန်တော်တို့ မြန်မာလူငယ်တော်တော်များများ စွဲစွဲမြဲမြဲ လိပ်ခဲတည်းလည်း ယွင်းချွတ်မှတ်သားလာခဲ့ကြသည့် အင်္ဂလိပ်စာဆိုင်ရာ အပြော၊ အရေး၊ အဖတ် အမှားအယွင်းများကို ပင်ကို အင်္ဂလိပ်စကားပြော ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချချက်များမှ ကောက်နုတ်မျှဆို ဝေငှလိုပါသည်။ အခန်းဆက်ကလေးများဖြင့် သီးခြား၊ သီးခြား တင်ပြလိုပါသည်။ ပထမဦးစွာ စကားပြောပိုင်းကဏ္ဍကို မျှဝေပေးလိုက်ပါသည်။

နှုတ်ဆက်ခြင်းဆိုင်ရာ အလွဲကလေးများ

နှုတ်ဆက်ခြင်း Greeting

    ကျွန်တော့်ဆရာမ နိုင်ငံခြားသူတစ်ဦးက ခဏခဏ ပြောဖူးသည့် မြန်မာ့လူငယ် အတော်များများ နှုတ်ဆက်ပုံ၊ နှုတ်ဆက်ကြဟန်ဖြစ်ပါသည်။

   ကျွန်တော်တို့ လူငယ်တော်တော်များများမှာ နိုင်ငံခြားသား ခရီးသွားတစ်ဦးဦးဖြစ်စေ၊ ပြည်တွင်းနေ နိုင်ငံခြားသားတစ်ဦးဦးကိုဖြစ်စေ တွေ့ပြီဆိုသည်နှင့် အလွတ်ကျက်ထားဟန်တူသော စကားပြောစာသားများကို တန်းရွတ်ကြပါတော့သည်။ ဥပမာကြည့်ရအောင်ပါ။

WE : Hello. Good Morning. How are you?
FOR: . . .
WE : Yes, I am fine, thank you. And you?
FOR : 

    ကျွန်တော်တို့မှာ အထက်ပါအတိုင်း တရစပ် အလွတ်ရွတ်သလို ရွတ်လေ့ရှိကြပါသည်။ တစ်ခါတစ်ရံတွင်မူ တစ်ဖက် နိုင်ငံခြားသားဘက်မှ ပြန်မဖြေဆိုနိုင်မီပင် ကျွန်တော်တို့က နောက်ထပ် တရစပ် ဒလကြမ်းဆိုသလို ထပ်မေး ထပ်ရွတ်ကြပြန်ပါသည်။

     ဤအခြင်းအရာနှင့်ပတ်သက်ပြီး ဆရာမက သူ့အမြင်ကို ပြောပြသည်မှာ သူ့အနေဖြင့် အမှန်စင်စစ် ထိုကဲ့သို့ပြောဆိုခြင်းကို သဘောမကျကြောင်း၊ သူ့တစ်သက်လုံး သူနှင့်တွေ့သမျှ အင်္ဂလိပ်စကားပြောများ အားလုံး အချင်းချင်း တစ်ဦးကိုတစ်ဦး ထိုကဲ့သို့ နှုတ်ဆက်ကြပုံမျိုး တစ်ခါမျှ မတွေ့ဖူးကြောင်း၊ အချင်းချင်း နှုတ်ဆက်ကြရာတွင် သက်သက်သာသာ မိတ်ဆက်ပြောဆိုကြရန် လိုကြောင်း ဆိုလာပါသည်။ ဤအပြော၊ ဤပြောဆိုပုံနှင့်ပတ်သက်၍ သမားရိုးကျ သက်သက်သာသာ နှုတ်ဆက်ပြောဆိုကြ၊ မိတ်ဆက်ကြပုံများကို ကျွန်တော်တို့ကို သင်ပေးပါသည်။ ဥပမာလေးတစ်ခု ဆက်လေ့လာကြည့်ကြပါဦးစို့။ ဆိုကြပါစို့၊ ကျွန်တော်တို့က SPEAKER 1 နေရာမှာ ဆိုကြပါစို့။

SPEAKER 1 : Hi.
SPEAKER 2 : Hi.  Morning.
SPEAKER 1 : Morning. Are you going to Mandalay now?
SPEAKER 2 : Yeap. Of course. How about you? I think you're also going to Mandalay. Right?
SPEAKER 1 : You're right! Have you taken a ticket for bus?
SPEAKER 2 : Yes, I have.
SPEAKER 1 : Would you mind? Ah. . What bus will you take and . . er what ticket did yo . . ?
SPEAKER 2 : Here, just have a look at this. Er. . Lin Lak Kyaee  . . .
SPEAKER 1 : Lin Lak Kyae Zin Hein. Oh! I'll also take that . .
SPEAKER 2 : Really? You, too?
SPEAKER 1 : Yeap. Can I, please, have a look at that agian?
SPEAKER 2 : Yeap. Of course. Here.
SPEAKER 1 : Oh, howwww . . interesting it is!
SPEAKER 2 : Please, ahem . . what's "interesting"?
SPEAKER 1 : Aw, yes. You're going to sit beside me on the coach.
SPEAKER 2 : Really. Emmm . That's interesting!
.  .  .  .  .
SPEAKER 1 : By the way, where are you from?
SPEAKER 2 : Aww, yes. I'm from England, I'm Kim. (Giving his hands)
SPEAKER 1 : Yeap. Nice to meet you.
SPEAKER 2 : Nice to meet you, too.
SPEAKER 1 : Are you from England? I'd love to visit there.
SPEAKER 2 : Can I know your name, please, Mr?
SPEAKER 1 : Aww, yeap. Aha. I'm Tun Min.
SPEAKER 2 : Toon Man?
SPEAKER 1 : No, Toon Min.
SPEAKER 2 : Er, yes. Tun Minnn. Tun Minn. It's difficult for me and . . . . . .

    အထက်ပါ စကားပြောလေး တစ်ခုကို ကြည့်မည်ဆိုလျှင် စ,စ ချင်း သက်တောင့်သက်သာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး မိတ်ဆက်သွားသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါသည်။ မိမိတို့ တွေ့ဆုံကြပုံ မတူကြစေကာမူ သဘောသဘာဝအားဖြင့်မျှကိုသာ လေ့လာသုံးသပ်ကြည့်စေလို၍ ဖြစ်ပါသည်။ ထူးခြားချက်များ တွေ့ရမည်ဖြစ်ပါသည်။ မိမိတို့ အခြေအနေအရ စိတ်ကြိုက် လွတ်လပ်စွာ မိတ်ဆက်နိုင်ကြသည်ကို တင်ပြလို၍ ဖြစ်ပါသည်။ ဖိအားများနှင့် သွားရောက်အလွတ်ရွတ် မိတ်မဆက်ဘဲ၊ သက်ပြင်းထုတ် ပေါ့ပေါ့ပါးပါး လွတ်လပ်သလို မိတ်ဆက်နိုင်ကြရန် လေ့ကျင့်ထားဖို့လိုပါသည်။ အထက်ပါ စကားပြောတွင် ထူးခြားချက်များတွေ့ရမည်ဖြစ်ပါသည်။ အချို့အပိုင်းများတွင် SPEAKER 1 ဘက်မှ အနည်းအကျဉ်းမှားယွင်း ထစ်အသည်ကို တွေ့ရမည်ဖြစ်သော်လည်း စိတ်ထဲ တင်းကြပ်မှုမထားဘဲ ဆက်လက် ပြေပြစ်စွာ ချောချောမွေ့မွေ့ပြောဆိုသွားသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ မိတ်ဆက်ပုံ၊ နှုတ်ဆက်ပုံ သက်သာပေါ့ပါးသဖြင့် အဆိုပါစကားပြောမှ မိတ်ဆက်သူနှစ်ဦးလုံး ခင်မင်ရင်းနှီးသွားကြပုံကို ခန့်မှန်းသိရှိနိုင်ကြမည်ဖြစ်ပါသည်။
၁။ How are you? ဟု ပြောဆိုမေးမြန်းမသွားခြင်း။
၂။ ချက်ခြင်းချည်း မိမိအမည်ကို မိတ်မဆက်ဘဲ တဖြည်းဖြည်း ရင်းနှီးခင်မင်သွားသောအခါမှ အမည်ကို မိတ်ဆက်ကြခြင်း။
၃။ အချင်းချင်း လတ်တလောဖြစ်ပျက်နေသည့် အခြေအနေအကြောင်း မေးမြန်းပြောဆိုကြရင်းမှ where are you from? စသည်ဖြင့် ကိုယ့်အကြောင်း၊ သူ့အကြောင်းတို့ကို မေးမြန်းစူးစမ်း မိတ်ဆက်ကြခြင်း။
စသည်ဖြင့် ထူးခြားချက်များကို ရှာဖွေတွေ့ရှိနိုင်ကြမည်ဖြစ်ပါသည်။

မိမိတို့အခြေအနေအပေါ်မူတည်၍ စိတ်တိုင်းကျ လွတ်လပ်စွာ မိတ်ဆက်ပြောဆိုနိုင်ကြပါသည်။ အကယ်၍ အမည်ကို ဦးစွာ ပြောဆိုမိတ်ဆက်ပြီးမှဆိုလျှင်လည်း အဆင်ပြေပါသည်။ အဓိကမှာ တစ်ဖက်နှင့် စကားပြောနေစဉ် ပေါ့ပေါ့ပါးပါးဖြစ်ရန်နှင့် ညင်သာမှုရှိနေစေရန်ပင်ဖြစ်ပါသည်။ ထိုသို့ဆိုပါက မိတ်ဆက်မှုသည် ခေတ္တနှင့် အောင်မြင်နိုင်ပါသည်။ အကယ်၍ နေကောင်း/မကောင်း မေးမြန်းပြောဆိုပြီး မိတ်ဆက်လိုပါကလည်း -
- How are you? ဟု သုံးလုံးတည်း အသံပြတ်၊ အသံတို မေးမည့်အစား၊
- How are you doing? / How is it going? စသည်ဖြင့် အသံပျော့ပျောင်းစေနိုင်မည့် စကားလေယူလေသိမ်း အတက်အကျနှင့် စကားသံရှည်သည့် မေးခွန်းများဖြင့် မေးမြန်းနှုတ်ဆက်သင့်ပါသည် ဟု အကြံပြုလိုက်ရင်း အပိုင်း(၁)၊ စကားပြောကဏ္ဍ မှ နှုတ်ဆက်ခြင်းဆိုင်ရာ အလွဲကလေးများကို အဆုံးကမ္ပတ် နိဂုံးသတ်ပါတော့မည်။

အကယ်၍ တစ်ဖက်မှ စမေးမြန်းသည်ဖြစ်စေ၊ မိမိမေးမြန်းမှုကို ဖြေဆိုပြီး ပြန်လည်မေးမြန်းသည်ဖြစ်စေ
- Fine, thanks.
- Fine, thank you.
- I'm fine, thanks. တို့ဆိုသည့် စကားလုံးများအပြင်၊ သက်တောင့်သက်သာရှိစေမည့်
- Not bad. ကဲ့သို့သော စကားလုံးများ၊ ပြန်ကြားဖြေဆိုချက်များဖြင့်လည်း ပြန်လည်ဖြေဆိုနိုင်ကြပါသည်။
        သူစမေးတိုင်းလည်း  And you? ဟူ၍ ကိုယ်ပြန်မေးရန်ချည်း လိုလှသည်မဟုတ်ပါချေ။ မေးလိုမေး၊ မမေးလိုကလည်း အဆင်ပြေသည်သာ. . . ။ မေးလိုပါကလည်း How about you? / What about you? ဆိုသည်မျိုးဖြင့်သာ မေးသင့်သည်ဟု အကြံပြုလိုက်ရင်း . . .။ 




ကျေးဇူးအထူးတင်ပါသည်။
ဆက်လက် မျှဝေပါဦးမည်။
ဇော်ဝင်းထက်

No comments:

Post a Comment