ဤခေါင်းစဉ်ဖြင့် ဘလော့ဂ်ဆောင်းပါးများကို
အပိုင်းအပိုင်း ရေးသားတင်ပြလိုပါသည်။ ကျွန်တော်တွေးမိသမျှ ဒဿ နများကို တင်ပြသွားလိုပါသည်။
ဘ၀ဒဿ နဟုဆိုသည့်အတိုင်း ဘ၀နှင့်ပတ်သက်သည့် ဒဿဿ နများ ပါဝင်သကဲ့သို့၊ ဘ၀လောကဇာတ်ခုံကြီး၊
လူ့ဘုံခန်းဝါကြီးရှိ လူ့ဘ၀ဆိုင်ရာ (၀ါ) လူမှုဘ၀ဆိုင်ရာ အထွေထွေဒဿ န (ပညာရေး၊ လူမှုရေး၊
စီးပွားရေး၊ လူငယ့်ရေးရာ၊ ကြီးပွားတိုးတက်ရေး ဘ၀အောင်မြင်မှုဒဿ နများ) ကိုပါ တင်ပြသွားမည်ဖြစ်ပါသည်။
ထို့ပြင် ရံဖန်ရံခါ ဆရာကြီး ပီမိုးနင်း၏ “အောင်စိတ်”၊ ကြီးပွားရေးဦးသိန်း၏ အောင်မြင်ရေး၊
ကြီးပွားရေး စာစုများ၊ စာအုပ်များမှ ဒဿ နစာသားများ၊ စာစုများကိုပါ အလျဉ်းသင့်လျှင် သင့်သလို
တင်ပြပေးသွားပါမည်။ ဆရာကြီးများ၏ အတွေးအခေါ် ဒဿ နများ၊ အောင်မြင်သူတို့၏ အတွေးအခေါ်၊ ဒဿ နများကို
ဖတ်ရှုကြ၍၊ ဘ၀အောင်မြင်ရေးလမ်းစများကို တွေ့မြင်ပြီးလျှင်၊ လောကဓံတရားကို ကြံ့ကြံ့ခိုင်နိုင်သည့်
ဘ၀အောင်မြင်တိုးတက်သည့် လူငယ်များ၊ မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လှည့်၏ သမိုင်းတာဝန်ကျေသည့်
အားကိုးလောက်ဖွယ် လူငယ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
-->
''တန်ဖိုးကိုသိသူသည် တန်ဖိုးရှိအောင်ကြိုးစားသည်။ တန်ဖိုးရှိအောင် ကြိုးစားသဖြင့်လည်း
တန်ဖိုးရှိလေသည်။ ထို့ကြောင့် တန်ဖိုးကိုသိသူသည်
တန်ဖိုးရှိသည်''
''ဘဝ၊ လောက၊ လူသားတို့၏ မတည်ငြိမ်မှုကို
သိသူသည် တည်ငြိမ်ခြင်းကို ဆောက်တည်ရာအစစ်အမှန်နှင့်တကွ ရလေသည်။''
''ဘဝတန်ဖိုးကို သိသူ၏ဘဝသည် တန်ဖိုးအထူးရှိလေသည်။''
''ယုံကြည်ချက်ဟူသည် ဘဝလမ်း ရှေ့ခရီးရှိ
ဆူးလုံးနှင့်တူသော အခက်အခဲများကို တက်နင်းရန်မဟုတ်။ မိုက်ရူးရဲဆန်သော ကံယုံ ဆူးပုံနင်းခြင်းမဟုတ်။
ဘဝလမ်း ရှေ့ခရီးရှိ ဆူးနှင့်တူသော အခက်အခဲများကို ဖယ်ရှား၍၊ မိမိလမ်းခရီးကို ဇွဲ၊ သတ္တိ၊
ဆန္ဒတို့နှင့်တကွ တစိုက်မတ်မတ် ရှေ့ဆက် လျှောက်လှမ်း သွားဖို့ရန်သာဖြစ်သည်။ ယုံကြည်ချက်သည်
ဆူးကိုနင်း၍၊ ဆူးစူးမည့် အလုပ်မျိုးမဟုတ်။ အတွေးအခေါ်နှင့် အလုပ်ကို ပေါင်းစပ်၍ ရည်ရွယ်ချက်၊
ဆန္ဒ၊ ဇွဲသတ္တိ၊ သတိ၊ ပညာတို့ဖြင့် တွဲစပ်ကာ ရှေ့လမ်းခရီးတလျောက်၌ ရှိသော အခက်အခဲဆူးညောင့်ခလုတ်ကန်သင်းများကို
ဖယ်ရှားကာ ဖြောင့်ဖြူးကောင်းမွန်သော လမ်းခရီးကို ခင်းလျက် လိုရာ ပန်းတိုင်အထိ ဆက်လက်လျှောက်လှမ်းရန်
ခွန်အားပြည့်ဝသည့် အလုပ်ကောင်းတစ်ခုသာဖြစ်လေသည်။''
''ဘဝဟူသည် အချိန်နှင့်ကံကို လဲခြင်းဖြစ်သည်။''
(လေယာဉ်ကွင်းဆရာတော်ကြီး၏တရားတော်ကောက်နုတ်ချက်)
''ဘဝကို အကျိုးရှိစွာဖြတ်သန်းလိုလျှင်
ဉာဏ်နှင့် အချိန်ကိုလဲရန်လိုသည်။''
''ဘဝတန်ဖိုးရှိရန် အချိန်နှင့် အလုပ်ကောင်းများကို
လဲလှယ်ရန်လိုလေသည်။''
''ဘဝတန်ဖိုးမြင့်စေရန် အချိန်နှင့်အမျှ
အလုပ်ကောင်းကို ဉာဏ်ကောင်းနှင့်တွဲဖက်၍ ဇွဲကောင်းကောင်းနှင့် လုပ်ရန်လိုပေသည်။''
''ခံစားချက်မပါသော ယုံကြည်ချက်ဖြင့်ရွေးချယ်မှုမျိုးသည်
နောင်တတည်းဟူသော နောက်ဆက်တွဲဆိုးကျိုးကို (လုံးဝ) ဖြစ်စေနိုင်ရန် အကြောင်းမရှိ။ ကျေနပ်အားရမှုတို့ကိုသာ
အဖန်ဖန်တလဲလဲ ပေးစွမ်းပေလိမ့်မည်။ ယုံကြည်ချက်ဟူသောသဘော၌ပင် အတွေးအခေါ်ဆိုသည့် ပညာဉာဏ်သတိမျိုးပါနေလေပေပြီ။''
''ဝါသနာ၊ အရည်အသွေးနှင့် ကြိုးစားမှု(အလုပ်)တို့ကို
ပေါင်းစပ်လိုက်လျှင် အချိန်ကြုံကြိုက်ခိုက် အောင်မြင်မှုနောက်သို့လိုက်စရာ မလို။ အောင်မြင်မှု
အလိုလိုလာလိမ့်မည်။''
''အောင်မြင်မှုနောက်သို့ မလိုက်ဘဲ အရည်အသွေးနောက်သို့
လိုက်သူ၏ နောက်မှ အောင်မြင်မှုသည် ထပ်ကြပ်မကွာ လိုက်လိမ့်မည်။''
''ကျွန်ုပ်တို့မှာ ရှိသမျှတွေကို
မြှင့်တင်ဖို့ သင့်ရဲ့လွတ်လပ်မှုကို အသုံးချလိုက်ပါ။'' "Use
Your Liberty, To Promote Ours!"ဒေါ်အောင်ဆန်းစုကြည်
''လွတ်လပ်ခွင့်မပေးသော၊ စဉ်းစားခွင့်မပေးသော
ပညာသင်နည်းစနစ်၌ ထက်မြက်သော အရည်အသွေးကို မွေးထုတ်ပေးနိုင်ရန် အကြောင်းမရှိ။''
''လွတ်လပ်စွာ စဉ်းစားခွင့်ရှိသည့် ပညာသင်ကြားရေးနည်းစနစ်မျိုး၊
လွတ်လပ်စွာ စဉ်းစားခွင့်ပေးသည့် မေးမြန်းပုံနည်းစနစ်မျိုး၊လွတ်လပ်စွာ စဉ်းစားခွင့်ရှိသည့်
ဖြေဆိုမှုနည်းစနစ်မျိုး ဤစနစ်သုံးမျိုးမရှိသေးသရွေ့ လွတ်လပ်ခေတ်မီ တိုးတက်ကောင်းမွန်သော
ပညာရေးဟူ၍ မည်သည့်အခါမျှ ခေါ်ဆို၍မရနိုင်သေးချေ။''
''အားငယ်စိတ်၊ ကြောက်ရွံ့စိတ်ရှိသူတို့၏
လူတောတိုးနိုင်မှုအခြေအနေသည် ကောင်းစွာတိုးတက်နိုင်ဖွယ်မရှိချေ။''
''ပြောရမည်ကို မပြောရဲ၊ လုပ်ရမည်ကို မလုပ်ရဲခြင်းသည်
အားနာခြင်းမဟုတ်။ ပျော့ညံ့ခြင်းမျိုးသက်သက်သာဖြစ်လေသည်။ သူတစ်ပါးကို မိမိအတွက် အကြောင်းမဲ့
ဒုက္ခ၊ အနှောင့်အယှက်ပေးရမည်ကို စိုးရိမ်ခြင်းသည်သာ အားနာခြင်းဖြစ်ပေသည်။ မိမိ ဒုက္ခ
အဖြစ်ခံ၊ အနှောင့်အယှက်အဖြစ်ခံကာ၊ မိမိအကျိုးယုတ်ခံကာ သူတစ်ပါးက အနှောင့်အယှက်ပြု၊
အနှောင့်အယှက်ပေးသည်ကို မပြောရဲ၊ မဆိုရဲခြင်းသည် အားနာခြင်းမဟုတ်သော ပျော့ညံ့ခြင်းမျိုးသက်သက်သာဖြစ်ကြောင်းကို
အထူးသတိချပ်ရာပေသည်။''
''အားငယ်မှုပျောက်အောင် ကြိုးစားမှသာလျှင်
ရဲရင့်သောစိတ်နှင့်တကွ အလုပ်လုပ်မှု၊ ကြိုးစားမှု၊ အရည်အသွေးထုတ်ဖော်ပြသမှု တို့ကို မွေးဖွားလာစေနိုင်၍၊
ထက်မြက်သော အရည်အသွေးနှင့်တကွ မြင့်မားသော ဘဝတန်ဖိုးကို မွေးထုတ်ပေးစွမ်းနိုင်လိမ့်မည်။''
''အားငယ်စိတ်ပျောက်ရန် မိမိနာမည်ကို ရွတ်၍
အားမြှင့်လိုက်ပါလေ။''
''သူတစ်ပါးမှာ ရှိသော အရည်အသွေး မိမိမှာ
မရှိနိုင်ကြောင်းကို လက်ခံနိုင်သေးလျှင်၊ မိမိမှာ ရှိသောအရည်အသွေး သူတစ်ပါးမှာ မရှိနိုင်ကြောင်းကိုလည်း
လက်ခံနိုင်အောင် ကြိုးစားကြည့်ပါမှ အားငယ်စိတ်တို့ ဝေးလွင့်သွားပေလိမ့်မည်။''
''မိမိကိုယ်ကို အထင်ကြီးလွန်းခြင်းသည်
မကောင်းသလို၊ မိမိကိုယ်ကို အထင်သေးခြင်းသည်လည်း လုံးဝမကောင်းပါချေ။'' (၀ါ) “မိမိကိုယ်ကို
ယုံကြည်ချက်မရှိခြင်းသည်လည်း ဆိုးရွားလှပေသည်။”
''ငြိမ်းအေးတည်ငြိမ်သော အောင်မြင်မှုမျိုးကို
လက်ဆုပ်လက်ကိုင်ထားရှိထားနိုင်ရန် ဘဝကိုလည်းမေ့၍မရပါချေ။''
''ဘဝတန်ဖိုးရှိရေးသည် အားငယ်ရန်လည်းမဟုတ်၊
ဘဝမေ့ အောက်ခြေလွတ် ဘဝင်မြင့် မာနကြီးရန်လည်းမဟုတ်ပါချေ။''
''အဆင့်အတန်းဟူသည်၊ ဂုဏ်ဂုဏဟူသည် ငွေမဟုတ်၊
အခြားဒြပ်ပစ္စည်းတို့လည်းမဟုတ်။ အတွေးအခေါ်ပညာနှင့်ယှဉ်သော ရိုးစင်းသည့် လူ့ဂုဏ်သိက္ခာ၊
လူ့တန်ဖိုး၊ လူ့စိတ်ဓာတ်တို့ ရိုးရိုးသာဖြစ်လေသည်။ ဂုဏ်သိက္ခာကို ငွေ၊ ဒြပ်တို့နှင့်
တိုင်းတာ၍မရ။ လူ့ကျင့်ဝတ်စောင့်ထိန်းမှုသီလ၊ ရိုးသားမှု၊ မြင့်မြတ်သောလူ့စိတ်ဓာတ်၊ လူ့စိတ်ထားတို့ဖြင့်သာ
တိုင်းတာ၍ရကောင်းပါချေသည်။ အဆင့်အတန်းဟူသည် အခြားသောသက်မဲ့ဒြပ်ပစ္စည်းတို့ဖြင့် ခွဲခြားပိုင်းဖြတ်၍မရစကောင်း။
အမှားအမှန်ကို ခွဲခြားပိုင်းဖြတ်နိုင် သော အတွေးအခေါ်ပညာအဆင့်အတန်း၊ အမှားအမှန်ကို ခွဲခြားသိမြင်၍
အမှန်ဘက်ရပ်တည်တတ်သော သမာဓိအဆင့်အတန်း၊ အမှားအမှန်ကို ပိုင်းဖြတ်သိမြင်ကာ အမှားကိုရှောင်၊
အမှန်ကိုကျင့်၊ ကျင့်ဝတ်ကို စောင့်ထိန်းစောင့်သိရိုသေတတ်သော သီလအဆင့်အတန်းတို့ဖြင့်သာ
ခွဲခြားပိုင်းဖြတ် သတ်မှတ်နိုင်လေသည်။''(ဗုဒ္ဓဘုရားသခင်၏ အဆုံးအမတော်သည်ကား သီလ၊ သမာဓိ၊
ပညာ ဟူသော သိက္ခာသုံးရပ်ဖြင့် တည်လေသည်။)
''ယုံကြည်ချက်နဲ့လျှောက်လှမ်းတဲ့လမ်းခရီးတစ်ခုမှာ
တစ်ခါတစ်ရံ အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေပေါ်လာကောင်းပေါ်လာနိုင်ပေမဲ့ယုံကြည်ချက်က မွေးထုတ်ပေးစွမ်းလိုက်တဲ့ခွန်အားတွေကြောင့် ခြေလှမ်းတွေက အားအပြည့်နဲ့လေ။''
''ယုံကြည်ချက်မှာ အတွေးအခေါ်တွေပါတယ်။ အလုပ်အားထုတ်မှုတွေပါတယ်၊ ရည်မှန်းချက်တွေပါတယ်လေ။ ဒါ့ကြောင့် ခွန်အားတွေကို အများကြီးပေးစွမ်းနိုင်ပါတယ်။''
''ဘဝလောကမှာ ကြုံတွေ့ရသမျှ အကြောင်းအရာတွေ လောကဓံအတွေ့အကြုံတွေကို သတိအမြဲကပ်
ပညာနဲ့ဆင်ခြင်ပိုင်းခြား မိမိကိုယ်ကိုနှစ်သက်ပေးနိုင်မယ်ဆိုရင်
. . .
တွေ့ကြုံသမျှ လောကဓံတွေက ဘာမှမဟုတ်တော့ဘူးပေါ့။''
လောကမှာ သီလ၊ သမာဓိနဲ့ ပညာက အမြတ်ဆုံးတဲ့။
ဘုရားရှင်က ဟောခဲ့တယ်။လူတွေရဲ့ခံစားချက်တွေဟာ များပြား၊များပြားတဲ့ ခံစားချက်တွေကို သတိတရားတွေကပ်/သတိတရားတွေနဲ့ပေါင်းစပ်အတွေးအခေါ် ပညာနဲ့ပိုင်းခြား၊ ကျင့်ဝတ်သီလတွေစောင့်ထိန်းအမှန်တရားဘက်ကို သမာဓိရှိရှိရပ်တည်၊သို့မှသာ လူ့အဖိုးတန်ကောင်းတစ်ယောက်ဖြစ်မယ်။
များသောအားဖြင့် လူတွေရဲ့ မှားယွင်းတဲ့
လုပ်ရပ်တွေအပြုအမူတွေ အဖြစ်အပျက်တွေကို ဇစ်မြစ်လိုက်ကြည့်တဲ့အခါ
ခံစားချက်တွေကို ရှေ့တန်းတင်ပြီးသတိကပ်တဲ့ ''အတွေးအခေါ် အဆင်အခြင် ပညာ''
မပါကြလို့ပါ။
ဗုဒ္ဓရဲ့တရားတော်တွေဟာ
စေ့စေ့တွေး ထင်းထင်းပေါ်ဆိုသလိုမျိုးပဲ ဘယ်ဘက်ထောင့်ကပဲကြည့်ကြည့် ဘယ်အချိန်ပဲတွေးတွေး
ဘယ်နေရာမှာပဲဖြစ်ဖြစ် မှန်တာချည်းပါပဲ။ ရှေ့နောက်ဆက်စပ်တွေးတောတဲ့
'လောဂျစ်'ဆိုတဲ့ပညာနဲ့ပဲ စဉ်းစားကြည့်မလား။ ဆေးပညာနဲ့
တိုက်ကြည့်ဦးမလား။ သိပ္ပံနည်းကျပဲဖြစ်စေ၊
သဘာဝနည်းကျပဲဖြစ်စေ၊ အဆက်အစပ် အတွေးအခေါ်နည်းအားဖြင့်ပဲဖြစ်စေ သိပ်မှန်တယ်။ ဒါ့ကြောင့်လည်း
ဗုဒ္ဓရဲ့တရားတော်တွေဟာ ''ဘယ်အချိန်စမ်းစမ်း၊ ဘယ်အချိန်စဉ်းစားစဉ်းစား၊ ဘယ်လိုတွေးတွေး၊
ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရောက်ရောက် လာခဲ့ဆိုပြီး အမြဲအစမ်းသပ်ခံနေတဲ့၊ အမြဲအစမ်းသပ်ခံနိုင်တဲ့
ဂုဏ်သတ္တိထူး''နဲ့ ပြည့်စုံနေတော့တာပေါ့။
ကုသိုလ်ကံကို ချစ်သောသူသည် ကုသိုလ်ကံ၏အကျိုးက
ချစ်မြတ်နိုးခြင်းကို ခံရလေသည်။ထို့အတူ သမိုင်းကိုချစ်သောသူသည် သမိုင်း၏ချစ်ခြင်းကို
ပြန်ရလေသည်။သို့စေကာမူ သမိုင်းကိုဖျောက်သောသူသည် ထိုသူသာလျှင်
သမိုင်းထဲက ပျောက်ကွယ်သွားတော့သည်။
-->