Wednesday, April 3, 2013

တွေးမိသမျှ ဘ၀ဒဿ နများ (၀ါ) ဘ၀ဒဿ နကို ကြိုးစား၍ ရှာကြည့်ခြင်း တွေးမိသမျှ ဘ၀ဒဿ နများ

ဤခေါင်းစဉ်ဖြင့် ဘလော့ဂ်ဆောင်းပါးများကို အပိုင်းအပိုင်း ရေးသားတင်ပြလိုပါသည်။ ကျွန်တော်တွေးမိသမျှ ဒဿ      နများကို တင်ပြသွားလိုပါသည်။ ဘ၀ဒဿ      နဟုဆိုသည့်အတိုင်း ဘ၀နှင့်ပတ်သက်သည့် ဒဿဿ      နများ ပါဝင်သကဲ့သို့၊ ဘ၀လောကဇာတ်ခုံကြီး၊ လူ့ဘုံခန်းဝါကြီးရှိ လူ့ဘ၀ဆိုင်ရာ (၀ါ) လူမှုဘ၀ဆိုင်ရာ အထွေထွေဒဿ      န (ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လူငယ့်ရေးရာ၊ ကြီးပွားတိုးတက်ရေး ဘ၀အောင်မြင်မှုဒဿ      နများ) ကိုပါ တင်ပြသွားမည်ဖြစ်ပါသည်။ ထို့ပြင် ရံဖန်ရံခါ ဆရာကြီး ပီမိုးနင်း၏ “အောင်စိတ်”၊ ကြီးပွားရေးဦးသိန်း၏ အောင်မြင်ရေး၊ ကြီးပွားရေး စာစုများ၊ စာအုပ်များမှ ဒဿ      နစာသားများ၊ စာစုများကိုပါ အလျဉ်းသင့်လျှင် သင့်သလို တင်ပြပေးသွားပါမည်။ ဆရာကြီးများ၏ အတွေးအခေါ် ဒဿ      နများ၊ အောင်မြင်သူတို့၏ အတွေးအခေါ်၊ ဒဿ      နများကို ဖတ်ရှုကြ၍၊ ဘ၀အောင်မြင်ရေးလမ်းစများကို တွေ့မြင်ပြီးလျှင်၊ လောကဓံတရားကို ကြံ့ကြံ့ခိုင်နိုင်သည့် ဘ၀အောင်မြင်တိုးတက်သည့် လူငယ်များ၊ မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လှည့်၏ သမိုင်းတာဝန်ကျေသည့် အားကိုးလောက်ဖွယ် လူငယ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

-->
''တန်ဖိုးကိုသိသူသည် တန်ဖိုးရှိအောင်ကြိုးစားသည်။  တန်ဖိုးရှိအောင် ကြိုးစားသဖြင့်လည်း တန်ဖိုးရှိလေသည်။  ထို့ကြောင့် တန်ဖိုးကိုသိသူသည် တန်ဖိုးရှိသည်''
''ဘဝ၊ လောက၊ လူသားတို့၏ မတည်ငြိမ်မှုကို သိသူသည် တည်ငြိမ်ခြင်းကို ဆောက်တည်ရာအစစ်အမှန်နှင့်တကွ ရလေသည်။''
''ဘဝတန်ဖိုးကို သိသူ၏ဘဝသည် တန်ဖိုးအထူးရှိလေသည်။''
''ယုံကြည်ချက်ဟူသည် ဘဝလမ်း ရှေ့ခရီးရှိ ဆူးလုံးနှင့်တူသော အခက်အခဲများကို တက်နင်းရန်မဟုတ်။ မိုက်ရူးရဲဆန်သော ကံယုံ ဆူးပုံနင်းခြင်းမဟုတ်။ ဘဝလမ်း ရှေ့ခရီးရှိ ဆူးနှင့်တူသော အခက်အခဲများကို ဖယ်ရှား၍၊ မိမိလမ်းခရီးကို ဇွဲ၊ သတ္တိ၊ ဆန္ဒတို့နှင့်တကွ တစိုက်မတ်မတ် ရှေ့ဆက် လျှောက်လှမ်း သွားဖို့ရန်သာဖြစ်သည်။ ယုံကြည်ချက်သည် ဆူးကိုနင်း၍၊ ဆူးစူးမည့် အလုပ်မျိုးမဟုတ်။ အတွေးအခေါ်နှင့် အလုပ်ကို ပေါင်းစပ်၍ ရည်ရွယ်ချက်၊ ဆန္ဒ၊ ဇွဲသတ္တိ၊ သတိ၊ ပညာတို့ဖြင့် တွဲစပ်ကာ ရှေ့လမ်းခရီးတလျောက်၌ ရှိသော အခက်အခဲဆူးညောင့်ခလုတ်ကန်သင်းများကို ဖယ်ရှားကာ ဖြောင့်ဖြူးကောင်းမွန်သော လမ်းခရီးကို ခင်းလျက် လိုရာ ပန်းတိုင်အထိ ဆက်လက်လျှောက်လှမ်းရန် ခွန်အားပြည့်ဝသည့် အလုပ်ကောင်းတစ်ခုသာဖြစ်လေသည်။''
''ဘဝဟူသည် အချိန်နှင့်ကံကို လဲခြင်းဖြစ်သည်။''                                                              (လေယာဉ်ကွင်းဆရာတော်ကြီး၏တရားတော်ကောက်နုတ်ချက်)

''ဘဝကို အကျိုးရှိစွာဖြတ်သန်းလိုလျှင် ဉာဏ်နှင့် အချိန်ကိုလဲရန်လိုသည်။''
''ဘဝတန်ဖိုးရှိရန် အချိန်နှင့် အလုပ်ကောင်းများကို လဲလှယ်ရန်လိုလေသည်။''
''ဘဝတန်ဖိုးမြင့်စေရန် အချိန်နှင့်အမျှ အလုပ်ကောင်းကို ဉာဏ်ကောင်းနှင့်တွဲဖက်၍ ဇွဲကောင်းကောင်းနှင့် လုပ်ရန်လိုပေသည်။''

''ခံစားချက်မပါသော ယုံကြည်ချက်ဖြင့်ရွေးချယ်မှုမျိုးသည် နောင်တတည်းဟူသော နောက်ဆက်တွဲဆိုးကျိုးကို (လုံးဝ) ဖြစ်စေနိုင်ရန် အကြောင်းမရှိ။ ကျေနပ်အားရမှုတို့ကိုသာ အဖန်ဖန်တလဲလဲ ပေးစွမ်းပေလိမ့်မည်။ ယုံကြည်ချက်ဟူသောသဘော၌ပင် အတွေးအခေါ်ဆိုသည့် ပညာဉာဏ်သတိမျိုးပါနေလေပေပြီ။''

''ဝါသနာ၊ အရည်အသွေးနှင့် ကြိုးစားမှု(အလုပ်)တို့ကို ပေါင်းစပ်လိုက်လျှင် အချိန်ကြုံကြိုက်ခိုက် အောင်မြင်မှုနောက်သို့လိုက်စရာ မလို။ အောင်မြင်မှု အလိုလိုလာလိမ့်မည်။''

''အောင်မြင်မှုနောက်သို့ မလိုက်ဘဲ အရည်အသွေးနောက်သို့ လိုက်သူ၏ နောက်မှ အောင်မြင်မှုသည် ထပ်ကြပ်မကွာ လိုက်လိမ့်မည်။''

''ကျွန်ုပ်တို့မှာ ရှိသမျှတွေကို မြှင့်တင်ဖို့ သင့်ရဲ့လွတ်လပ်မှုကို အသုံးချလိုက်ပါ။'' "Use Your Liberty, To Promote Ours!"ဒေါ်အောင်ဆန်းစုကြည်
''လွတ်လပ်ခွင့်မပေးသော၊ စဉ်းစားခွင့်မပေးသော ပညာသင်နည်းစနစ်၌ ထက်မြက်သော အရည်အသွေးကို မွေးထုတ်ပေးနိုင်ရန် အကြောင်းမရှိ။''
''လွတ်လပ်စွာ စဉ်းစားခွင့်ရှိသည့် ပညာသင်ကြားရေးနည်းစနစ်မျိုး၊ လွတ်လပ်စွာ စဉ်းစားခွင့်ပေးသည့် မေးမြန်းပုံနည်းစနစ်မျိုး၊လွတ်လပ်စွာ စဉ်းစားခွင့်ရှိသည့် ဖြေဆိုမှုနည်းစနစ်မျိုး   ဤစနစ်သုံးမျိုးမရှိသေးသရွေ့ လွတ်လပ်ခေတ်မီ တိုးတက်ကောင်းမွန်သော ပညာရေးဟူ၍ မည်သည့်အခါမျှ ခေါ်ဆို၍မရနိုင်သေးချေ။''
''အားငယ်စိတ်၊ ကြောက်ရွံ့စိတ်ရှိသူတို့၏ လူတောတိုးနိုင်မှုအခြေအနေသည် ကောင်းစွာတိုးတက်နိုင်ဖွယ်မရှိချေ။''
''ပြောရမည်ကို မပြောရဲ၊ လုပ်ရမည်ကို မလုပ်ရဲခြင်းသည် အားနာခြင်းမဟုတ်။ ပျော့ညံ့ခြင်းမျိုးသက်သက်သာဖြစ်လေသည်။ သူတစ်ပါးကို မိမိအတွက် အကြောင်းမဲ့ ဒုက္ခ၊ အနှောင့်အယှက်ပေးရမည်ကို စိုးရိမ်ခြင်းသည်သာ အားနာခြင်းဖြစ်ပေသည်။ မိမိ ဒုက္ခ အဖြစ်ခံ၊ အနှောင့်အယှက်အဖြစ်ခံကာ၊ မိမိအကျိုးယုတ်ခံကာ သူတစ်ပါးက အနှောင့်အယှက်ပြု၊ အနှောင့်အယှက်ပေးသည်ကို မပြောရဲ၊ မဆိုရဲခြင်းသည် အားနာခြင်းမဟုတ်သော ပျော့ညံ့ခြင်းမျိုးသက်သက်သာဖြစ်ကြောင်းကို အထူးသတိချပ်ရာပေသည်။''
''အားငယ်မှုပျောက်အောင် ကြိုးစားမှသာလျှင် ရဲရင့်သောစိတ်နှင့်တကွ အလုပ်လုပ်မှု၊ ကြိုးစားမှု၊ အရည်အသွေးထုတ်ဖော်ပြသမှု တို့ကို မွေးဖွားလာစေနိုင်၍၊ ထက်မြက်သော အရည်အသွေးနှင့်တကွ မြင့်မားသော ဘဝတန်ဖိုးကို မွေးထုတ်ပေးစွမ်းနိုင်လိမ့်မည်။''
''အားငယ်စိတ်ပျောက်ရန် မိမိနာမည်ကို ရွတ်၍ အားမြှင့်လိုက်ပါလေ။''
''သူတစ်ပါးမှာ ရှိသော အရည်အသွေး မိမိမှာ မရှိနိုင်ကြောင်းကို လက်ခံနိုင်သေးလျှင်၊ မိမိမှာ ရှိသောအရည်အသွေး သူတစ်ပါးမှာ မရှိနိုင်ကြောင်းကိုလည်း လက်ခံနိုင်အောင် ကြိုးစားကြည့်ပါမှ အားငယ်စိတ်တို့ ဝေးလွင့်သွားပေလိမ့်မည်။''
''မိမိကိုယ်ကို အထင်ကြီးလွန်းခြင်းသည် မကောင်းသလို၊ မိမိကိုယ်ကို အထင်သေးခြင်းသည်လည်း လုံးဝမကောင်းပါချေ။'' (၀ါ) “မိမိကိုယ်ကို ယုံကြည်ချက်မရှိခြင်းသည်လည်း ဆိုးရွားလှပေသည်။”
''ငြိမ်းအေးတည်ငြိမ်သော အောင်မြင်မှုမျိုးကို လက်ဆုပ်လက်ကိုင်ထားရှိထားနိုင်ရန် ဘဝကိုလည်းမေ့၍မရပါချေ။''
''ဘဝတန်ဖိုးရှိရေးသည် အားငယ်ရန်လည်းမဟုတ်၊ ဘဝမေ့ အောက်ခြေလွတ် ဘဝင်မြင့် မာနကြီးရန်လည်းမဟုတ်ပါချေ။''
''အဆင့်အတန်းဟူသည်၊ ဂုဏ်ဂုဏဟူသည် ငွေမဟုတ်၊ အခြားဒြပ်ပစ္စည်းတို့လည်းမဟုတ်။ အတွေးအခေါ်ပညာနှင့်ယှဉ်သော ရိုးစင်းသည့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး၊ လူ့စိတ်ဓာတ်တို့ ရိုးရိုးသာဖြစ်လေသည်။ ဂုဏ်သိက္ခာကို ငွေ၊ ဒြပ်တို့နှင့် တိုင်းတာ၍မရ။ လူ့ကျင့်ဝတ်စောင့်ထိန်းမှုသီလ၊ ရိုးသားမှု၊ မြင့်မြတ်သောလူ့စိတ်ဓာတ်၊ လူ့စိတ်ထားတို့ဖြင့်သာ တိုင်းတာ၍ရကောင်းပါချေသည်။ အဆင့်အတန်းဟူသည် အခြားသောသက်မဲ့ဒြပ်ပစ္စည်းတို့ဖြင့် ခွဲခြားပိုင်းဖြတ်၍မရစကောင်း။ အမှားအမှန်ကို ခွဲခြားပိုင်းဖြတ်နိုင် သော အတွေးအခေါ်ပညာအဆင့်အတန်း၊ အမှားအမှန်ကို ခွဲခြားသိမြင်၍ အမှန်ဘက်ရပ်တည်တတ်သော သမာဓိအဆင့်အတန်း၊ အမှားအမှန်ကို ပိုင်းဖြတ်သိမြင်ကာ အမှားကိုရှောင်၊ အမှန်ကိုကျင့်၊ ကျင့်ဝတ်ကို စောင့်ထိန်းစောင့်သိရိုသေတတ်သော သီလအဆင့်အတန်းတို့ဖြင့်သာ ခွဲခြားပိုင်းဖြတ် သတ်မှတ်နိုင်လေသည်။''(ဗုဒ္ဓဘုရားသခင်၏ အဆုံးအမတော်သည်ကား သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာသုံးရပ်ဖြင့် တည်လေသည်။)
''ယုံကြည်ချက်နဲ့လျှောက်လှမ်းတဲ့လမ်းခရီးတစ်ခုမှာ
တစ်ခါတစ်ရံ အားငယ်မှုတွေ၊ ဝမ်းနည်းမှုတွေပေါ်လာကောင်းပေါ်လာနိုင်ပေမဲ့ယုံကြည်ချက်က မွေးထုတ်ပေးစွမ်းလိုက်တဲ့ခွန်အားတွေကြောင့် ခြေလှမ်းတွေက အားအပြည့်နဲ့လေ။''
''ယုံကြည်ချက်မှာ အတွေးအခေါ်တွေပါတယ်။  အလုပ်အားထုတ်မှုတွေပါတယ်၊ ရည်မှန်းချက်တွေပါတယ်လေ။  ဒါ့ကြောင့် ခွန်အားတွေကို အများကြီးပေးစွမ်းနိုင်ပါတယ်။''
''ဘဝလောကမှာ ကြုံတွေ့ရသမျှ အကြောင်းအရာတွေ  လောကဓံအတွေ့အကြုံတွေကို သတိအမြဲကပ်
  ပညာနဲ့ဆင်ခြင်ပိုင်းခြား မိမိကိုယ်ကိုနှစ်သက်ပေးနိုင်မယ်ဆိုရင် .  .  .
  တွေ့ကြုံသမျှ လောကဓံတွေက ဘာမှမဟုတ်တော့ဘူးပေါ့။''
လောကမှာ သီလ၊ သမာဓိနဲ့ ပညာက အမြတ်ဆုံးတဲ့။
ဘုရားရှင်က ဟောခဲ့တယ်။လူတွေရဲ့ခံစားချက်တွေဟာ များပြား၊များပြားတဲ့ ခံစားချက်တွေကို သတိတရားတွေကပ်/သတိတရားတွေနဲ့ပေါင်းစပ်အတွေးအခေါ် ပညာနဲ့ပိုင်းခြား၊ ကျင့်ဝတ်သီလတွေစောင့်ထိန်းအမှန်တရားဘက်ကို သမာဓိရှိရှိရပ်တည်၊သို့မှသာ လူ့အဖိုးတန်ကောင်းတစ်ယောက်ဖြစ်မယ်။
များသောအားဖြင့် လူတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပြုအမူတွေ အဖြစ်အပျက်တွေကို ဇစ်မြစ်လိုက်ကြည့်တဲ့အခါ ခံစားချက်တွေကို ရှေ့တန်းတင်ပြီးသတိကပ်တဲ့ ''အတွေးအခေါ် အဆင်အခြင် ပညာ'' မပါကြလို့ပါ။
      ဗုဒ္ဓရဲ့တရားတော်တွေဟာ စေ့စေ့တွေး ထင်းထင်းပေါ်ဆိုသလိုမျိုးပဲ ဘယ်ဘက်ထောင့်ကပဲကြည့်ကြည့် ဘယ်အချိန်ပဲတွေးတွေး ဘယ်နေရာမှာပဲဖြစ်ဖြစ် မှန်တာချည်းပါပဲ။      ရှေ့နောက်ဆက်စပ်တွေးတောတဲ့ 'လောဂျစ်'ဆိုတဲ့ပညာနဲ့ပဲ စဉ်းစားကြည့်မလား။      ဆေးပညာနဲ့ တိုက်ကြည့်ဦးမလား။      သိပ္ပံနည်းကျပဲဖြစ်စေ၊ သဘာဝနည်းကျပဲဖြစ်စေ၊ အဆက်အစပ် အတွေးအခေါ်နည်းအားဖြင့်ပဲဖြစ်စေ      သိပ်မှန်တယ်။      ဒါ့ကြောင့်လည်း ဗုဒ္ဓရဲ့တရားတော်တွေဟာ ''ဘယ်အချိန်စမ်းစမ်း၊ ဘယ်အချိန်စဉ်းစားစဉ်းစား၊ ဘယ်လိုတွေးတွေး၊ ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရောက်ရောက် လာခဲ့ဆိုပြီး အမြဲအစမ်းသပ်ခံနေတဲ့၊ အမြဲအစမ်းသပ်ခံနိုင်တဲ့ ဂုဏ်သတ္တိထူး''နဲ့ ပြည့်စုံနေတော့တာပေါ့။
ကုသိုလ်ကံကို ချစ်သောသူသည် ကုသိုလ်ကံ၏အကျိုးက ချစ်မြတ်နိုးခြင်းကို ခံရလေသည်။ထို့အတူ သမိုင်းကိုချစ်သောသူသည် သမိုင်း၏ချစ်ခြင်းကို ပြန်ရလေသည်။သို့စေကာမူ သမိုင်းကိုဖျောက်သောသူသည် ထိုသူသာလျှင် သမိုင်းထဲက ပျောက်ကွယ်သွားတော့သည်။
-->


သိသမျှ၊ သင်ရသမျှ အင်္ဂလိပ်စာဗဟုသုတများ . . .

သိသမျှ၊ သင်ရသမျှ  အင်္ဂလိပ်စာဗဟုသုတများ . . .


မူရင်းအင်္ဂလိပ်စကားပြော(Native speaker) ဆရာ၊ ဆရာမများနှင့် ကျွန်တော် သင်ရသလောက် အင်္ဂလိပ်စာဗဟုသုတများကို သိလာသမျှ ပြန်လည်ငှဝေလိုပါသည်။

ကျွန်တော်တို့ မြန်မာလူငယ်တော်တော်များများ စွဲစွဲမြဲမြဲ လိပ်ခဲတည်းလည်း ယွင်းချွတ်မှတ်သားလာခဲ့ကြသည့် အင်္ဂလိပ်စာဆိုင်ရာ အပြော၊ အရေး၊ အဖတ် အမှားအယွင်းများကို ပင်ကို အင်္ဂလိပ်စကားပြော ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချချက်များမှ ကောက်နုတ်မျှဆို ဝေငှလိုပါသည်။ အခန်းဆက်ကလေးများဖြင့် သီးခြား၊ သီးခြား တင်ပြလိုပါသည်။ ပထမဦးစွာ စကားပြောပိုင်းကဏ္ဍကို မျှဝေပေးလိုက်ပါသည်။

နှုတ်ဆက်ခြင်းဆိုင်ရာ အလွဲကလေးများ

နှုတ်ဆက်ခြင်း Greeting

    ကျွန်တော့်ဆရာမ နိုင်ငံခြားသူတစ်ဦးက ခဏခဏ ပြောဖူးသည့် မြန်မာ့လူငယ် အတော်များများ နှုတ်ဆက်ပုံ၊ နှုတ်ဆက်ကြဟန်ဖြစ်ပါသည်။

   ကျွန်တော်တို့ လူငယ်တော်တော်များများမှာ နိုင်ငံခြားသား ခရီးသွားတစ်ဦးဦးဖြစ်စေ၊ ပြည်တွင်းနေ နိုင်ငံခြားသားတစ်ဦးဦးကိုဖြစ်စေ တွေ့ပြီဆိုသည်နှင့် အလွတ်ကျက်ထားဟန်တူသော စကားပြောစာသားများကို တန်းရွတ်ကြပါတော့သည်။ ဥပမာကြည့်ရအောင်ပါ။

WE : Hello. Good Morning. How are you?
FOR: . . .
WE : Yes, I am fine, thank you. And you?
FOR : 

    ကျွန်တော်တို့မှာ အထက်ပါအတိုင်း တရစပ် အလွတ်ရွတ်သလို ရွတ်လေ့ရှိကြပါသည်။ တစ်ခါတစ်ရံတွင်မူ တစ်ဖက် နိုင်ငံခြားသားဘက်မှ ပြန်မဖြေဆိုနိုင်မီပင် ကျွန်တော်တို့က နောက်ထပ် တရစပ် ဒလကြမ်းဆိုသလို ထပ်မေး ထပ်ရွတ်ကြပြန်ပါသည်။

     ဤအခြင်းအရာနှင့်ပတ်သက်ပြီး ဆရာမက သူ့အမြင်ကို ပြောပြသည်မှာ သူ့အနေဖြင့် အမှန်စင်စစ် ထိုကဲ့သို့ပြောဆိုခြင်းကို သဘောမကျကြောင်း၊ သူ့တစ်သက်လုံး သူနှင့်တွေ့သမျှ အင်္ဂလိပ်စကားပြောများ အားလုံး အချင်းချင်း တစ်ဦးကိုတစ်ဦး ထိုကဲ့သို့ နှုတ်ဆက်ကြပုံမျိုး တစ်ခါမျှ မတွေ့ဖူးကြောင်း၊ အချင်းချင်း နှုတ်ဆက်ကြရာတွင် သက်သက်သာသာ မိတ်ဆက်ပြောဆိုကြရန် လိုကြောင်း ဆိုလာပါသည်။ ဤအပြော၊ ဤပြောဆိုပုံနှင့်ပတ်သက်၍ သမားရိုးကျ သက်သက်သာသာ နှုတ်ဆက်ပြောဆိုကြ၊ မိတ်ဆက်ကြပုံများကို ကျွန်တော်တို့ကို သင်ပေးပါသည်။ ဥပမာလေးတစ်ခု ဆက်လေ့လာကြည့်ကြပါဦးစို့။ ဆိုကြပါစို့၊ ကျွန်တော်တို့က SPEAKER 1 နေရာမှာ ဆိုကြပါစို့။

SPEAKER 1 : Hi.
SPEAKER 2 : Hi.  Morning.
SPEAKER 1 : Morning. Are you going to Mandalay now?
SPEAKER 2 : Yeap. Of course. How about you? I think you're also going to Mandalay. Right?
SPEAKER 1 : You're right! Have you taken a ticket for bus?
SPEAKER 2 : Yes, I have.
SPEAKER 1 : Would you mind? Ah. . What bus will you take and . . er what ticket did yo . . ?
SPEAKER 2 : Here, just have a look at this. Er. . Lin Lak Kyaee  . . .
SPEAKER 1 : Lin Lak Kyae Zin Hein. Oh! I'll also take that . .
SPEAKER 2 : Really? You, too?
SPEAKER 1 : Yeap. Can I, please, have a look at that agian?
SPEAKER 2 : Yeap. Of course. Here.
SPEAKER 1 : Oh, howwww . . interesting it is!
SPEAKER 2 : Please, ahem . . what's "interesting"?
SPEAKER 1 : Aw, yes. You're going to sit beside me on the coach.
SPEAKER 2 : Really. Emmm . That's interesting!
.  .  .  .  .
SPEAKER 1 : By the way, where are you from?
SPEAKER 2 : Aww, yes. I'm from England, I'm Kim. (Giving his hands)
SPEAKER 1 : Yeap. Nice to meet you.
SPEAKER 2 : Nice to meet you, too.
SPEAKER 1 : Are you from England? I'd love to visit there.
SPEAKER 2 : Can I know your name, please, Mr?
SPEAKER 1 : Aww, yeap. Aha. I'm Tun Min.
SPEAKER 2 : Toon Man?
SPEAKER 1 : No, Toon Min.
SPEAKER 2 : Er, yes. Tun Minnn. Tun Minn. It's difficult for me and . . . . . .

    အထက်ပါ စကားပြောလေး တစ်ခုကို ကြည့်မည်ဆိုလျှင် စ,စ ချင်း သက်တောင့်သက်သာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး မိတ်ဆက်သွားသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါသည်။ မိမိတို့ တွေ့ဆုံကြပုံ မတူကြစေကာမူ သဘောသဘာဝအားဖြင့်မျှကိုသာ လေ့လာသုံးသပ်ကြည့်စေလို၍ ဖြစ်ပါသည်။ ထူးခြားချက်များ တွေ့ရမည်ဖြစ်ပါသည်။ မိမိတို့ အခြေအနေအရ စိတ်ကြိုက် လွတ်လပ်စွာ မိတ်ဆက်နိုင်ကြသည်ကို တင်ပြလို၍ ဖြစ်ပါသည်။ ဖိအားများနှင့် သွားရောက်အလွတ်ရွတ် မိတ်မဆက်ဘဲ၊ သက်ပြင်းထုတ် ပေါ့ပေါ့ပါးပါး လွတ်လပ်သလို မိတ်ဆက်နိုင်ကြရန် လေ့ကျင့်ထားဖို့လိုပါသည်။ အထက်ပါ စကားပြောတွင် ထူးခြားချက်များတွေ့ရမည်ဖြစ်ပါသည်။ အချို့အပိုင်းများတွင် SPEAKER 1 ဘက်မှ အနည်းအကျဉ်းမှားယွင်း ထစ်အသည်ကို တွေ့ရမည်ဖြစ်သော်လည်း စိတ်ထဲ တင်းကြပ်မှုမထားဘဲ ဆက်လက် ပြေပြစ်စွာ ချောချောမွေ့မွေ့ပြောဆိုသွားသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ မိတ်ဆက်ပုံ၊ နှုတ်ဆက်ပုံ သက်သာပေါ့ပါးသဖြင့် အဆိုပါစကားပြောမှ မိတ်ဆက်သူနှစ်ဦးလုံး ခင်မင်ရင်းနှီးသွားကြပုံကို ခန့်မှန်းသိရှိနိုင်ကြမည်ဖြစ်ပါသည်။
၁။ How are you? ဟု ပြောဆိုမေးမြန်းမသွားခြင်း။
၂။ ချက်ခြင်းချည်း မိမိအမည်ကို မိတ်မဆက်ဘဲ တဖြည်းဖြည်း ရင်းနှီးခင်မင်သွားသောအခါမှ အမည်ကို မိတ်ဆက်ကြခြင်း။
၃။ အချင်းချင်း လတ်တလောဖြစ်ပျက်နေသည့် အခြေအနေအကြောင်း မေးမြန်းပြောဆိုကြရင်းမှ where are you from? စသည်ဖြင့် ကိုယ့်အကြောင်း၊ သူ့အကြောင်းတို့ကို မေးမြန်းစူးစမ်း မိတ်ဆက်ကြခြင်း။
စသည်ဖြင့် ထူးခြားချက်များကို ရှာဖွေတွေ့ရှိနိုင်ကြမည်ဖြစ်ပါသည်။

မိမိတို့အခြေအနေအပေါ်မူတည်၍ စိတ်တိုင်းကျ လွတ်လပ်စွာ မိတ်ဆက်ပြောဆိုနိုင်ကြပါသည်။ အကယ်၍ အမည်ကို ဦးစွာ ပြောဆိုမိတ်ဆက်ပြီးမှဆိုလျှင်လည်း အဆင်ပြေပါသည်။ အဓိကမှာ တစ်ဖက်နှင့် စကားပြောနေစဉ် ပေါ့ပေါ့ပါးပါးဖြစ်ရန်နှင့် ညင်သာမှုရှိနေစေရန်ပင်ဖြစ်ပါသည်။ ထိုသို့ဆိုပါက မိတ်ဆက်မှုသည် ခေတ္တနှင့် အောင်မြင်နိုင်ပါသည်။ အကယ်၍ နေကောင်း/မကောင်း မေးမြန်းပြောဆိုပြီး မိတ်ဆက်လိုပါကလည်း -
- How are you? ဟု သုံးလုံးတည်း အသံပြတ်၊ အသံတို မေးမည့်အစား၊
- How are you doing? / How is it going? စသည်ဖြင့် အသံပျော့ပျောင်းစေနိုင်မည့် စကားလေယူလေသိမ်း အတက်အကျနှင့် စကားသံရှည်သည့် မေးခွန်းများဖြင့် မေးမြန်းနှုတ်ဆက်သင့်ပါသည် ဟု အကြံပြုလိုက်ရင်း အပိုင်း(၁)၊ စကားပြောကဏ္ဍ မှ နှုတ်ဆက်ခြင်းဆိုင်ရာ အလွဲကလေးများကို အဆုံးကမ္ပတ် နိဂုံးသတ်ပါတော့မည်။

အကယ်၍ တစ်ဖက်မှ စမေးမြန်းသည်ဖြစ်စေ၊ မိမိမေးမြန်းမှုကို ဖြေဆိုပြီး ပြန်လည်မေးမြန်းသည်ဖြစ်စေ
- Fine, thanks.
- Fine, thank you.
- I'm fine, thanks. တို့ဆိုသည့် စကားလုံးများအပြင်၊ သက်တောင့်သက်သာရှိစေမည့်
- Not bad. ကဲ့သို့သော စကားလုံးများ၊ ပြန်ကြားဖြေဆိုချက်များဖြင့်လည်း ပြန်လည်ဖြေဆိုနိုင်ကြပါသည်။
        သူစမေးတိုင်းလည်း  And you? ဟူ၍ ကိုယ်ပြန်မေးရန်ချည်း လိုလှသည်မဟုတ်ပါချေ။ မေးလိုမေး၊ မမေးလိုကလည်း အဆင်ပြေသည်သာ. . . ။ မေးလိုပါကလည်း How about you? / What about you? ဆိုသည်မျိုးဖြင့်သာ မေးသင့်သည်ဟု အကြံပြုလိုက်ရင်း . . .။ 




ကျေးဇူးအထူးတင်ပါသည်။
ဆက်လက် မျှဝေပါဦးမည်။
ဇော်ဝင်းထက်